MCL ၏ ရွှေ့လျားဆေးကုသမှုအစီအစဉ်များ

https://www.facebook.com/MCLMyanmar/ MCL အနေနဲ့ မွန်ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားဆောင်ရွက်လျှက်ရှိရာမှာ စက်ရုံအနီးတစ်ဝိုက်က ဒေသခံတွေအတွက် MCL ရဲ့ကျန်းမာရေးအတိုင်ပင်ခံဆရာဝန်နဲ့ ရွှေ့လျားဆေးကုသမှုလှုပ်ရှားမှု (Mobile Clinic) တွေကို လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီလို ရွှေ့လျားဆေးကုသမှုလှုပ်ရှားမှု (Mobile Clinic) တွေကို နိုဝင်ဘာလ ၂၀၁၅ က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၅၅ ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ MCL ဟာ မွန်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုကောင်းမွန်စေဖို့ ကြိုးစားလုပ်ဆောင်လျှက်ရှိပါတယ်။

စာသင်ကျောင်းများအတွက် ကစားကွင်းများပံ့ပိုးကူညီခြင်း

MCL သည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အရေးပါသည့် ပညာရေးအဆင့်အတန်း မြင့်မားရေးသည် အခြေခံအချက်ဟု ခံယူကျင့်သုံးသဖြင့် ဒေသတွင်းစာသင်ကျောင်းများအတွက် အခြေခံလိုအပ်သော အသုံးအဆောင်ပစ္စည်းများကို အစဉ်အမြဲပံ့ပိုးကူညီလျှက်ရှိပါသည်။ စက်ရုံအနီးပတ်ဝန်းကျင်ရွာများမှ စာသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများဆော့ကစားနိုင်စေရန်အတွက် ကစားကွင်းများတည်ဆောက်ပေးခဲ့ပြီး ယနေ့ ၁၂.၁၀.၂၀၁၈ တွင်သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

Scholarship Programs

Mawlamyine Cement Limited participated and supported school's scholarship programs from nearby villages such as Kyaikmaraw Town, Wel Nge village and Me Ka Ro Village.

SCG Sharing a Brighter Vision Program 2017

SCG မှ Sharing a Brighter Vision Program အစီအစဉ်အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ အတွင်းတိမ်ဝေဒနာရှင် ၂၀၀ အား မျက်စိအလင်းပြန်လည်ရရှိစေရန်ခွဲစိတ်ကုသပေးခြင်းအစီအစဉ်ကို ၂၀၁၇ နိုဝင်ဘာလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိဆောင်ရွက်ပေးခဲ့ပါသည်။

Up ↑