SCG Sharing a brighter vision program 2018

SCG မှ Sharing a Brighter Vision Program အစီအစဉ်အနေဖြင့် မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်အတွင်းရှိ အတွင်းတိမ်ဝေဒနာရှင် ၂၅၉ အား မျက်စိအလင်းပြန်လည်ရရှိစေရန်ခွဲစိတ်ကုသပေးခြင်းအစီအစဉ်ကို ၂၀၁၇ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ရက်နေ့အထိဆောင်ရွက်ပေးခဲ့ပါသည်။

MCL မှ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အကူအညီများပေးအပ်ခြင်း

သြဂုတ် ၆၊ ၂၀၁၈၊ ရန်ကုန်၊ မြန်မာ - ယခင်အပတ်က ရေကြီးခဲ့ပြီးနောက် အများစုမှာ သန့်ရှင်းရေးလုပ်နေကြဆဲဖြစ်သည်။ အချို့မှာ သန့်ရှင်းရေးသာမက ပြန်လည်တည်ဆောက်ရေးကိုပါ လုပ်ဆောင်ကြရမည်။ အချို့မှာ ပျက်စီးသွားသော အစိတ်အပိုင်းများကို ပြန်လည်အစားထိုးရန် ရုန်းကန်လှုပ်ရှားကြရသည်။ ယခုကာလမိုးသည်းထန်မှုကြောင့် လွန်ခဲ့သော ရက်သတ္တပတ်များတွင် မွန်ပြည်နယ်အတွင်းရှိ မြို့ပြကျေးလက်နှင့် စပါးစိုက်ခင်းများ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါသည်။ အာဆီယံ၏ ဦးဆောင်စီးပွားရေးလုပ်ငန်းစုသာမက မြန်မာပြည်သူတို့ စိတ်ချယုံကြည်ရသော မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် SCG၏ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှလည်း ခေါက်ဆွဲခြောက်၊  ဆန်၊ သောက်ရေသန့်၊ ရယ်ဒီမိတ်စားစရာများနှင့် ဝမ်းပျက်ဝမ်းလျောတိုက်ဖျက်ဆေးများပါဝင်သည့် ပစ္စည်းထုပ်များအား မယ်ကရို၊ ကွမ်ငန်း၊ နိတုံနှင့် ငပြေမကျေးရွာရှိ လူဦးရေ ၈၀၂၉ အတွက် လှူဒါန်းပေးခဲ့သည်။ မော်လမြိုင်ဘိလပ်မြေစက်ရုံရှိ ဝန်ထမ်းများ၏ စေတနာလုပ်အားဖြင့်... Continue Reading →

Mawlamyine Cement Limited ကျိုက်မရောဘိလပ်မြေစက်ရုံ၏ စာရေးကိရိယာများနှင့် ကျောပိုးအိတ်များလှူဒါန်းခြင်း

Mawlamyine Cement Limited ကျိုက်မရောဘိလပ်မြေစက်ရုံမှ စက်ရုံပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်းမှ ကျောင်းသူ/သားများ၏ ပညာရေးကဏ္ဍတွင်တစ်ဖတ်တစ်လမ်းမှ ပံ့ပိုးပေးခြင်းရည်ရွယ်ချက်ဖြင့် စာရေးကိရိယာများနှင့် ကျောပိုးအိတ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။  

မော်လမြိုင်မြို့ ကျိုက်သန်လန်စေတီတော် ပြုပြင်တည်ဆောက်ခြင်းအပါအဝင် ရေဘေးအထောက်အပံ့အတွက် MCL မှ အလှူငွေများနှင့် ဘိလပ်မြေအိတ်များ ပေးအပ်လှူဒါန်းခြင်း

ဇွန် ၂၁၊ ၂၀၁၈၊ ရန်ကုန်၊ မြန်မာ - ဇွန်လ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတချို့တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့အတွက်  မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ် သိန်း ၁၀၀ နှင့် မော်လမြိုင်မြို့ ကျိုက်သန်လန်စေတီ ရင်ပြင်တော်နှင့် တန်ဆောင်းတော် ပြန်လည်တည်ဆောက်ပြုပြင်ရန် SCG ဘိလပ်မြေ အိတ် ၃၀၀၀ ကို လှူဒါန်းခဲ့ကြောင်း MCL မှ သတင်းထုတ်ပြန်လိုက်သည်။ ဇွန်လ ၂၁ ရက်နေ့တွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ ထိပ်ပိုင်းအရာရှိများသည် မွန်ပြည်နယ်အစိုးရရုံးသို့ သွားရောက်ကာ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရေဘေးထောက်ပံ့ရေးအတွက် အဆိုပါ လှူဒါန်းပစ္စည်းတို့ကို... Continue Reading →

Up ↑