မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိပါတယ်။ မွန်ပြည်နယ်အစိုးရအနေနဲ့ မွန်ပြည်နယ်ဒေသတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်နေရာချထားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ MCL အနေနဲ့ ကျပ်ငွေ သိန်း ၁၅၀၊ SCG အနေနဲ့ ကျပ်ငွေ သိန်း ၁၅၀ စုစုပေါင်း ကျပ်သိန်း (၃၀၀) တိတိကို ရေဘေးသင့်ပြည်သူများအတွက် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ်ဒေသတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။
Leave a Reply