MCL Friendly Cup

MCL အနေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျှက်ရှိရာမှာ MCL စက်ရုံဘောလုံးကွင်းမှာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ပြီး MCL ဘောလုံးအသင်းနဲ့ အတူ MCL စက်ရုံအနီးတစ်ဝိုက်ရှိ ဒေသတွင်း ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဧပရယ်လ ၄ ရက်နေ့ မှာတော့ ကျိုက်မရောမြို့နယ် ဘောလုံးအသင်းနဲ့ ကွမ်ငန်းကျေးရွာ ဘောလုံးအသင်းတို့ ဟာ ဗိုလ်လုပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ၂ ဂိုး – ၁ဂိုးနဲ့ ကျိုက်မရောအသင်းက အနိုင်ရရှိ ဗိုလ်စွဲသွားခဲ့ပါတယ်။ MCL အနေနဲ့ ပထမဆုရရှိသွားခဲ့တဲ့ ကျိုက်မရောမြို့နယ် ဘောလုံးအသင်းကို ၅ သိန်း၊ ဒုတိယဆုရရှိသွားတဲ့ ကွမ်ငန်းကျေးရွာ ဘောလုံးအသင်းကို ၃ သိန်း၊ တတိယဆုရရှိသွားတဲ့ ရွှေဝါချောင်းကျေးရွာ ဘောလုံးအသင်းကို ၂ သိန်း၊ စတုတ္ထဆုရရှိသွားတဲ့ ကော့ဝမ်းကျေးရွာ ဘောလုံးအသင်းကို ၁ သိန်းကျပ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် MCL ရဲ့ Managing Director ဖြစ်သူ Mr.Hatsachai Prahanphap က ဆုရရှိသွားတဲ့ ဘောလုံးအသင်းအသီးသီးကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းအားလုံးကို ကျေးဇူးတင်ကြောင်း၊ နောက်ထပ်လည်း ပြိုင်ပွဲတွေ ကျင်းပပေးသွားဦးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ်အတွင်း အခြေချနေထိုင်ကြသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်စေဖို့ အဖက်ဖက်က ကြိုးစားဆောက်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

Up ↑

%d bloggers like this: