ENG: MCL aims to help reduce the road accidents in Mon State related to drug use with an education campaign through road use and drug use signage.
MCL held a handover ceremony with Dr. Aye Zan, Chief Minister of Mon State, along with other members of the local government last October 31, 2018.
This partnership with the Mon State Traffic Police, City Development Department of Mon State has been ongoing since 2015. MCL is inspired to continue
cooperating to constantly improve the lives of the people of Mon State.
MM: MCL ဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကျင့်သုံးကြစေရန်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ဗဟုသုတတွေ ပိုမိုရရှိစေရန်ရည်ရွယ်ပြီး ပညာပေး
လမ်းညွှန်ဆိုင်းဘုတ်များ ပေးအပ်ခြင်း အခမ်းအနားကို မွန်ပြည်နယ်တိုင်းဒေသကြီးအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအေးဇံ နဲ့ တကွ အခြားသော ပြည်နယ်ဝန်ကြီးတွေပါဝင်ပြီး
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ MCL အနေနဲ့လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံပြည်သူများ
အကျိုးဖြစ်ထွန်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့ကျစေရန်အတွက်မွန်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနတို့နဲ့ပူးပေါင်းပြီး
မွန်ပြည်နယ်ရှိမြို့ကြီးတွေမှာ ၂၀၁၅ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အနာဂတ်မှာလည်း ဆက်လက်လက်တွဲ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
Leave a Reply