သြဂုတ် ၆၊ ၂၀၁၈၊ ရန်ကုန်၊ မြန်မာ – ယခင်အပတ်က ရေကြီးခဲ့ပြီးနောက် အများစုမှာ သန့်ရှင်းရေးလုပ်နေကြဆဲဖြစ်သည်။ အချို့မှာ သန့်ရှင်းရေးသာမက ပြန်လည်တည်ဆောက်ရေးကိုပါ လုပ်ဆောင်ကြရမည်။ အချို့မှာ ပျက်စီးသွားသော အစိတ်အပိုင်းများကို ပြန်လည်အစားထိုးရန် ရုန်းကန်လှုပ်ရှားကြရသည်။ ယခုကာလမိုးသည်းထန်မှုကြောင့် လွန်ခဲ့သော ရက်သတ္တပတ်များတွင် မွန်ပြည်နယ်အတွင်းရှိ မြို့ပြကျေးလက်နှင့် စပါးစိုက်ခင်းများ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါသည်။ အာဆီယံ၏ ဦးဆောင်စီးပွားရေးလုပ်ငန်းစုသာမက မြန်မာပြည်သူတို့ စိတ်ချယုံကြည်ရသော မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် SCG၏ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှလည်း ခေါက်ဆွဲခြောက်၊ ဆန်၊ သောက်ရေသန့်၊ ရယ်ဒီမိတ်စားစရာများနှင့် ဝမ်းပျက်ဝမ်းလျောတိုက်ဖျက်ဆေးများပါဝင်သည့် ပစ္စည်းထုပ်များအား မယ်ကရို၊ ကွမ်ငန်း၊ နိတုံနှင့် ငပြေမကျေးရွာရှိ လူဦးရေ ၈၀၂၉ အတွက် လှူဒါန်းပေးခဲ့သည်။ မော်လမြိုင်ဘိလပ်မြေစက်ရုံရှိ ဝန်ထမ်းများ၏ စေတနာလုပ်အားဖြင့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများထုပ်ပိုးခြင်း၊ ရေဘေးသင့်နေရာများသို့ အလျင်အမြန်သွားရောက်ခြင်းနှင့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပါသည်။ ရေဘေးဒဏ်ခံရသော ဒေသများရှိ ပြည်သူများဆီသို့ အကူအညီများ အရောက်ပို့ဆောင်ပေးသော MCL၏ ထောက်ပံ့မှုများကို ဒေသအာဏာပိုင်များနှင့် ရေဘေးသင့်ပြည်သူများကလည်း ကျေးဇူးတင်ရှိခဲ့ကြသည်။
MCL မှ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အကူအညီများပေးအပ်ခြင်း

Leave a Reply